ပေါင်းတည်၊ ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သဖန်းပင်ဆိပ် ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရာတွင် အသက်(၁၈)နှစ်အထက် ပထမအကြိမ် ပြည်သူ(၁၄)ဦးနှင့် ဒုတိယအကြိမ် (၇၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစားကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သဖန်းပင်ဆိပ်ကျေးရွာ အုပ်စုတွင် ကျေးရွာ(၄)ရွာရှိပြီးအသက် (၁၈)နှစ်အထက် ပြည်သူ (၉၀၂)ဦးရှိပြီး ကာကွယ်ဆေးထိုးပြီးသူ (၆၆၉)ဦးရှိကာ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသူများအား ကာကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့် အတူ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - အေးအေးဆင့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment