တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်(၁၂/၂၀၂၁)လအတွက်အငြိမ်းစား(၂၆၉)ဦးကို ပင်စင်လစာပုံမှန်ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်(၁၂/၂၀၂၁)လအတွက်အငြိမ်းစား(၂၆၉)ဦးကို ပင်စင်လစာပုံမှန်ထုတ်ပေးလျက်ရှိ





တနင်္သာရီ၊ ဒီဇင်ဘာ   ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလအတွက် ပင်စင်ထုတ်ယူရန် အငြိမ်းစားဝန်ထမ်းပေါင်း(၄၂၂)ဦးရှိသည့်အနက် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်(လစာထုတ်နေ့)အထိ အငြိမ်းစားဝန်ထမ်း(၂၆၉)ဦးအတွက် ပင်စင်လစာငွေကျပ် (၄၇၉၇၆၁၄၁/၆၄) တိတိကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွါး ရေးဘဏ်မှသိရသည်။     

တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် လဆန်း(၁)ရက်မှစ၍ ပင်စင်လစာငွေများကို ဘဏ်ဖွင့်ရက်များ၌ ထုတ်ယူခွင့်ရှိသော်လည်း လစဉ်(၂၁)ရက်နောက်ပိုင်းမှသာ လာရောက်ထုတ်ယူသူ ပိုများသည်ဟု သိရသည်။

အငြိမ်းစားဝန်ထမ်းများကိုလည်း ပင်စင်လစာငွေထုတ်ယူရန်လာရောက်ရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက်ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်လာခြင်း၊တစ်ဦးနှင့်တစ်ဦး(၆)ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကို ဦးစားပေးကူညီခြင်းတို့ဖြင့် ပင်စင်ထုတ်ယူရာ၌ ပိုမိုအဆင်ပြေစေရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် ဘဏ်မန်နေဂျာက မေတ္တာရပ်ခံပန်ကြားထားရှိကြောင်း သိရသည်။

သတင်း - နန်းသာရီ-ထိန်ဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)