ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် အတွင်းရှိအခြေခံပညာကျောင်းများမှအသက် (၁၂)နှစ်နှင့် အထက်ကျောင်း သား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးဒုတိယအသုတ်( ပထမ)အကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ အထက( ၁)နှင့် အထက(ခွဲ)ညောင်ချောင်းတို့၌ စုရပ်ထားရှိကာစတင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနေမှုကိုမြို့နယ်အထွေအထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ဆရာ/ဆရာမများက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ကျောင်းသား/ကျောင်း သူများအား သတ်မှတ်နေရာသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ် တမ်းရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးကာ မိနစ်( ၃၀) ခန့်အနားယူစေပြီးကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိအခြေ ခံပညာကျောင်းပေါင်း( ၁၁၄) ကျောင်းရှိပြီး အသက်(၁၂) နှစ်အထက်ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးသူ ( ၇၅၀၄)ဦးရှိကာ ကျန်ရှိသည့်အသက် ( ၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအားယနေ့နံနက်ပိုင်းမှစတင်၍ကိုဗစ်- ၁၉ရောဂါကာကွယ် ဆေးဒုတိယအသုတ် (ပထမ)အကြိမ်စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
သတင်း - လှကျော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment