သိန္နီမြို့နယ်တွင် အခြေခံပညာကျောင်းရှိ အသက်(၁၂)နှစ်အထက်ကျောင်းသား/သူများအား(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့နယ်တွင် အခြေခံပညာကျောင်းရှိ အသက်(၁၂)နှစ်အထက်ကျောင်းသား/သူများအား(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


သိန္နီ၊ ဒီဇင်ဘာ   ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် အခြေခံပညာကျောင်းရှိ အသက်(၁၂) နှစ် အထက် ကျောင်းသား/သူများအား (ဒုတိယ)အကြိမ် ဒီဇင်ဘာ(၁၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများမှ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက  လာရောက်ထိုးနှံသည့်  အခြေခံပညာကျောင်းရှိ အသက် (၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ခြင်း၊  ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ကျန်းမာရေးကောင်းမွန်သူများသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ်၃၀ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံပေးရခြင်း ရည်ရွယ်ချက်များကို ကျန်းမာရေး တာဝန်ရှိသူက အသိပညာပေး ဟောပြောခဲ့ကြောင်းနှင့် ထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ဆရာ/မများ တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

  သိန္နီမြို့နယ်အနေဖြင့် ယနေ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ(၈၅)ဦးအား  ကျန်းမာ ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း - အိဇာချို(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)