ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့ ရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ ကျင်းပနိုင်ရေး ပွဲတော်ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့ ရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ ကျင်းပနိုင်ရေး ပွဲတော်ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေး


မြစ်ကြီးနား၊ ဒီဇင်ဘာ    ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့တွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင် စုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော ရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ ကျင်းပရေးအတွက် ယမန်နေ့ ညနေ ၄ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာပြည်မြောက်ဖျား ပိုင်းတွင်ရှိသည့် ရဝမ်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းပြီး ပြသနိုင်သည့် ရဝမ်ယဉ်ကျေးမှုပြတိုက်ကို ခမ်းခမ်းနားနား၊ အနှစ်သာရပြည့်ဝစွာဖြင့် ဖွင့်ပွဲပြုလုပ်ကျင်းပရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ အဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှု များအပြင် ဖွင့်ပွဲကျင်းပရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်းနှင့် ဖွင့်ပွဲကျင်းပနိုင်ရေး လိုအပ်သည့် အစီအမံများကို ပွင့်ပွင့်လင်းလင်းဖြင့် တင်ပြဆွေးနွေး ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပွဲတော်ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအင်ဖုန်တန်၊ အဖွဲ့ဝင် ဒူဝါ ရယ်ဒမ်းတန်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲကျင်းပရေးအတွက် စီမံခန့်ခွဲမှုကော်မတီမှ ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ ရန်ပုံငွေရရှိရေး ဆောင်ရွက်လျက်ရှိသည့် အစီအမံများကို တင်ပြဆွေးနွေးကြရာ ဖွင့်ပွဲကျင်းပရေးအတွက်  ပြတိုက်တည်ဆောက်ထားသည့် ရဝမ်ရိုးရာ မနောကွင်းအတွင်း ပြုပြင်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရန်ပုံငွေရရှိရေးအတွက် ကော်မတီ ဖွဲ့စည်းဆောင်ရွက် သွားရေးနှင့် အစိုးရအဖွဲ့မှ ကော်မတီများတွင် ပေါင်းစပ်ပါဝင ်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ပြည်ထောင်စုအဆင့်များအား ဖိတ်ကြားသွားမည့်အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူများနှင့်အတူ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရဝမ်တိုင်းရင်းသားများအပြင် အခြားတိုင်း ရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ရိုးရာဓလေ့ ထုံးစံနှင့်အညီ အနှစ်သာရရှိစွာ ကျင်းပနိုင်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ပြုလုပ်ကျင်းပနိုင်ရေးနှင့် အုပ်ချုပ်ရေး ပိုင်းတာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့်ယဉ် ကျေးမှုအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)