ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁) ကျင်းပ




လွိုင်ကော်၊ ဒီဇင်ဘာ   ၃၀

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ပြည်နယ် ဥပဒေချုပ် ဦးကြည်မြိုင်၊ ကယားပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်း အဝေး အမှတ်စဉ် (၆/၂၀၂၁) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဟိုတယ် တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်း ၁ ခုက တည်ဆောက်မှုကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ COVID-19 ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ်  စိစစ် ကြပ်မတ်ရေးအဖွဲ့ (ကယားပြည်နယ်)နှင့် ချေးငွေရယူထားသော ကယားပြည်နယ် အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပဉ္စမအကြိမ် တွေ့ဆုံခဲ့မှုအခြေအနေနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်မည့် မြေယာသတင်းအချက်အလက်များနှင့် စပ်လျဉ်း၍ Land information Bank တွင် ထည့်သွင်းနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီ အစဉ်များအား လည်းကောင်း၊ ပြည်နယ်အတွင်းရှိ အလတ်စားအဆင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အလားအလာရှိသော မွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဆိုလာလုပ်ငန်း ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးခင်မောင်ဦး၊  ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လိုအပ်သည်များအား ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)