စစ်ကိုင်းမြို့တွင်(၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင်(၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်


စစ်ကိုင်း၊ ဒီဇင်ဘာ   ၃၀

စစ်ကိုင်းမြို့တွင် (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာ(၂၉)ရက်၊ နံနက်ပိုင်းက ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အားကစားခန်းမအတွင်းကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းထွန်းစိန်က အဖွင့်အမှာစကားပြောကြားရာ လွတ်လပ်ရေး၏ အနှစ်သာရရရှိအောင် ပျော်ပွဲ/ရွှင်ပွဲများ ထည့်သွင်းကျင်းပရခြင်း ဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဌာနပေါင်းစုံမှ အသင်းပေါင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကြတာကို သိရှိရကြောင်း၊ ယှဉ်ပြိုင်ခြင်းက အဓိကဆိုသလို အားကစား စိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ယခုလိုယှဉ်ပြိုင်စေခြင်းဖြင့် ဌာနဆိုင်ရာအချင်းချင်း ရင်းနှီးချစ်ကြည် စည်းလုံးညီညွတ်မှု ပိုမိုရရှိ လာမှာဖြစ်ကြောင်း၊ အကဲဖြတ်ကြီးကြပ်အဖွဲ့များအနေဖြင့်လည်း သမာသမတ်ရှိစွာဖြင့် ဆောင်ရွက်ပေးသွားကြပါလို့ ပြောကြားကာ အားကစားသမားများအား ရင်းနှီး စွာ လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

(၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ(၂၇)ရက် နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသူများကိုလည်း ဆုများပေးအပ်သွားမည်ဖြစ်ရာ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ထွေ/အုပ်(က)အသင်းနှင့် စည်ပင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စည်ပင်အသင်းက အနိုင်ရရှိခဲ့ ကြောင်းသိရသည်။

သတင်း - ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)