သုံးခွမြို့နယ်၌ အသက် ၁၈ နှစ်အထက် (ဒုတိယအကြိမ်) ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်၌ အသက် ၁၈ နှစ်အထက် (ဒုတိယအကြိမ်) ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 



သုံးခွ၊ ဒီဇင်ဘာ   ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် ၁၈ နှစ်အထက် (ဒုတိယအကြိမ်) ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ အသက် (၄၅)နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊  အစိုးရ ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊  ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော လုပ်ငန်း လုပ်ကိုင်သူများ၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများအား ထိုးနှံပေး ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ကိုဗစ်-၁‌၉ ရောဂါ ကာကွယ်ဆေး first Dose ထိုးနှံပြီးသူ (၉၂၁၃၂)ဦး၊ second Dose ထိုးနှံပြီးသူ (၇၆၀၅၄)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၇၉.၇၉% ရှိကြောင်း သိရသည်။

သတင်း - စည်သူလင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)