ကြို့ပင်ကောက်၊ ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေးများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ တောင်သူ ၉၉၄ ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးထားပြီး ကြောင်း သိရသည်။
ယခင်နှစ်များမှ အချိန်စေ့ချေးငွေများ ပြန်လည်ပေးဆပ်သော တောင်သူများအား ဆောင်းသီးနှံ တစ်ဧကလျှင် ချေးငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု ၂၈ အုပ်စုမှ တောင်သူ ၉၉၄ ဦး၏ လယ်ဧက ၆၂၉၈ ဧကအတွက် ချေးငွေကျပ် ၆၂၉၈ သိန်းထုတ်ချေးပေးထား ပြီးကြောင်း ၂၀၂၁-၂၀၂၂ ဆောင်းသီးနှံစိုက်ရာသီတွင် ကြို့ပင်ကောက်တစ်မြို့နယ်လုံးရှိ ကျေးရွာ အုပ်စု ၅၁ အုပ်စုမှ တောင်သူ ၂၄၁၂ ဦး၏ လျာထားလယ်ဧက ၁၇၀၀၀ ဧကအတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာဦးဝင်းနိုင်ထွန်းထံမှ သိရသည်။
သတင်း - ဇေယျာထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment