ပေါက်ခေါင်းမြို့၌ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၇၅၁)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၇၅၁)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ များပေးအပ်


ပေါက်ခေါင်း၊ ဒီဇင်ဘာ   ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ရေးချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် အကျိုးခံစားခွင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (၃) လစာအတွက်‌ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်ပေးအပ်ခြင်းတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်နှင်းယုခိုင်၊ ပြည်ခရိုင် လူမူဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့ဝင်များက ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စု (၅၃) အုပ်စု အတွင်းရှိ အသက်(၈၅) နှစ်အထက် အဘိုးအဘွား(၇၅၁) ဦးအတွက် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် လူမှုရေးပင်စင်အကျိုး ခံစားခွင့်တစ်ဦးလျှင် သုံးသောင်း ကျပ်စီဖြင့် စုစုပေါင်းငွေကျပ် (၂၅၅၃၀၀၀၀) အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် စာရေးဝန်ထမ်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့‌ကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)