သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်းဆောင်ရွက်

 



သီပေါ၊ ဒီဇင်ဘာ   ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီ ကျော်လွန်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်၊ ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို သီပေါမြို့နယ် မြို့ဟောင်းကျေးရွာ ဘုန်းကြီးကျောင်း ဆေးထိုးစုရပ်နေရာတွင်    အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူ(၂၅)ဦးကို  ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ဆက်လက်ထိုးနှံ ပေးသွားမည်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးသည့် ဆေးထိုးစုရပ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ကြီးကြပ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ ပူးပေါင်း၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကျန်းမာရေးဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ခင်လေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)