ပုလော၊ ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ယနေ့နံနက် ၉ နာရီက ပုလောမြို့နယ် ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများက အပူချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး ကျန်းမာရေးအခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ယနေ့နံနက်ပိုင်း၌ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စုတွင် ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း - အေးအေးမော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment