ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၂၇၆၁)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို အနှစ်သာရ ပြည့်ဝစွာဖြင့် ကျင်းပ သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၂၇၆၁)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို အနှစ်သာရ ပြည့်ဝစွာဖြင့် ကျင်းပ သွားမည်


ဘားအံ၊ ဒီဇင်ဘာ   ၁၅

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကို အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယအကြိမ်) မှ သိရသည်။

ကရင်တိုင်းရင်းသားလူမျိုးများ ပျံ့နှံ့နေထိုင်ရာနေရာဒေသများတွင် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို နှစ်စဉ် စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများအတိုင်း ကိုဗစ်ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြင့် အနှစ်သာရပြည့်ဝစွာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ကရင် အမျိုးသား အလံတင်အခမ်းအနား၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနား၊ ဖိ့ဗူးယော်ကောက်သစ်စားပွဲနှင့် ပျော်ပွဲရွှင်ပွဲ များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်နှစ်သစ် ကူးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးတင်ပြကြကာ အခမ်းအနားပြင်ဆင်ရေး အထောက် အကူပြု လုပ်ငန်း ကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထား‌ရေး အထောက်အကူပြု လုပ်ငန်း ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊ မှတ်တမ်းထိန်း သိမ်းရေး အထောက် အကူပြုလုပ်ငန်း ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အထောက်အကူပြု လုပ်ငန်းကော်မတီ၊ ပြခန်းအထောက်အကူပြု လုပ်ငန်း ကော်မတီ၊ ပျော်ပွဲရွှင်ပွဲနှင့် ကောက်သစ်စားပွဲ ကျင်းပရေး အထောက်အကူပြု လုပ်ငန်းကော်မတီ အစရှိသည့် လုပ်ငန်း ကော်မတီများက ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပနိုင်ရေး သက်ဆိုင်ရာ ကော်မတီအလိုက် ဆွေးနွေး တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုမးင်းသိန်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)