ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ပထမနေ့စတင်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ပထမနေ့စတင်ထိုးနှံ



ကျိန္တလီ၊ ဒီဇင်ဘာ   ၇

ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌  (ဒုတိယအကြိမ်) ပထမနေ့စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရာတွင် ကျိန္တလီမြို့ရှိ ရပ်ကွက်/ကျေးရွာများမှ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော အသက်(၁၈)နှစ်အထက် ပြည်သူများကို မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အမည်စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေး ဝန်ထမ်းမျာက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကာ အသက်(၁၈)နှစ်အထက် ပြည်သူ(၃၂၁)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁)ဦး၊ သံဃာတော်(၁)ပါး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်း(၂၀)ဦး၊ အစိုးရမဟုတ်သောပြည်တွင်း/ပဝန်ထမ်း(၁)ဦး၊ ဈေးသည်(၄၆)ဦး၊ စုစုပေါင်း(၃၉၀)ဦးအား(ဒုတိယအကြိမ်) ပထမနေ့စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

သတင်း - မောင်မောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)