ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအားကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအားကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး


ဝါးခယ်မ၊ ဒီဇင်ဘာ  ၇

ဧရာဝတီဝတိုင်း‌ဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရ သေးသော အသက်(၁၈)နှစ် အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက ရွှေခယ်သီရိအားကစားခန်းမတွင် ထိုးနှံပေး ခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား ဖြစ်ပြီး ကာကွယ်‌ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား(၁၆၀)ဦးအား ပထမ အကြိမ်အဖြစ် ကျန်းမာရေးဝန်ထမ်းများကကိုဗစ်-၁၉စည်းကမ်းများနှင့်ညီထိုးနှံပေးခဲ့ရာ ကာကွယ်‌ဆေး ထိုးနှံရာသို့ အုပ်ချုပ်ရေးမှူးများ ၊ အသင်းအဖွဲ့များကပူးပေါင်း ပါဝင်ကူညီခဲ့ကြသည်။ ဆေး‌ထိုးရန်ကျန် ရှိနေသော ပြည်သူများအားဦးစား‌ပေးအုပ်စုအလိုက်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း - စောသန္တာဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)