သန်လျင်မြို့ ဘုရားကုန်းကျေးရွာ၌ ဂတ်စ်မီးဖိုမှ မီးလောင်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

သန်လျင်မြို့ ဘုရားကုန်းကျေးရွာ၌ ဂတ်စ်မီးဖိုမှ မီးလောင်မှုဖြစ်ပွား


ရန်ကုန်၊ ဒီဇင်ဘာ   ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ၁၅ ပေကွက်သစ်တွင် ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ၁၅ ပေကွက်သစ်၊ ရေသိမ်ကန်လမ်းတွင် ဂတ်စ်မီးဖိုမှတစ်ဆင့် အပူရှိန်လွန်ကဲရာ ဘေးတွင် ကာရံထားသော ထရံအားမီးစွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  

မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တောင်ပိုင်းခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး က အနီးကပ်ကြီးကြပ်ကာ  မီး​​ငြိမ်းသတ်ယာဉ် ၄ စီး၊ ကွပ်ကဲမှုယာဉ် ၁ စီး၊ အရန်မီးငြိမ်းစက်ယာဉ် ၁ စီးဖြင့် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ် (၆) လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်းနှင့်  အဆိုပါ မီးလောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ သန်လျင်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)