စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၂) အထက် ကျောင်းသား/ကျောင်းသူ(၇၈၆)ဦးတို့အား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၂) အထက် ကျောင်းသား/ကျောင်းသူ(၇၈၆)ဦးတို့အား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

 


စဉ့်ကိုင်၊ ဒီဇင်ဘာ   ၇

နိုင်ငံတော် အစိုးရ အစီအစဉ်ဖြင့် အသက်(၁၂)နှစ်အထက် အခြေခံပညာေ အလယ်တန်း ၊အထက် တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ထိုးပေးနိုင်ရေးစီစဉ်  ဆောင်ရွက်လျှက်ရှိရာ  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင် ယမန်နေ့ တတိယ အသုတ် ဒုတိယအကြိမ်ထိုးနှံ ပြီးသူ (၇၈၆) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦး စီးဌာနမှူး ဒေါက်တာ သိမ့်အိသူနှင့်  ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဆန်းလွင်နှင့် ပညာရေးဌာနမှ ဝန်ထမ်းများ၊စဉ့်ကိုင် အ.ထ.က ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းဆီနှင့် ဆရာ၊  ဆရာမများ၊ မြို့နယ်မီးသတ်သတ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး  မထိုးမှီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊  ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းခြင်း၊ ကာကွယ်ဆေးထိုးပြီး လျှင်ဆေးနှင့် ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ခြင်း အရေးတုံ့ပြန်နိုင်ရန်အတွက် မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ် ကြည့်ရှုပေးခြင်းများ ဆောင်ရွက် ပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ် အတွင်း ကျောင်းသား/ကျောင်းသူများ  ကာကွယ်ဆေး လာရောက်   ထိုးနှံရာတွင် အဆင်ပြေစေရေးအတွက် အခြေခံပညာအလယ်တန်း အထက်တန်းကျောင်းပေါင်း (၃၁) ကျောင်း၊  ကိုယ်ပိုင်ကျောင်း(၃)ကျောင်းနှင့်  ဘုန်းတော်ကြီးသင်  ပညာရေး (၉) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား  စဉ့်ကိုင် အ.ထ.က ကျောင်းတွင် (၁၉) ကျောင်း၊ ပလိပ် အ.ထ.က ကျောင်းတွင် (၁၀)ကျောင်း၊ ဘယ် လင်း အ.ထ.က  ကျောင်းတွင် (၁၁) ကျောင်း  စုရပ် နေရာ(၃) နေရာခွဲ၍ ကျောင်းသား၊ ကျောင်းသူ (၇၈၆ )ဦးတို့အား တတိယအသုတ်  ဒုတိယ အကြိမ်ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

သတင်း - ညိုညိုဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)