ပြည်ခရိုင် စီမံကိန်ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ခရိုင် စီမံကိန်ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


ပြည်၊ ဒီဇင်ဘာ   ၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် စီမံကိန်ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမ၌ကျင်းပရာ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်မြို့ရှိ တက္ကသိုလ်/ကောလိပ် အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ခရိုင် စီမံကိန်ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က "၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၂၇ရက်က ပြုလုပ်ခဲ့သော ပြည်ခရိုင် စီမံကိန်ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အစည်းအဝေး ကျင်းပရတာဖြစ်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဌာနဆိုင်ရာများအား ယနေ့သီးခြား တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း" ပြောကြားပြီး ကော်မတီအတွင်းရေးမှူး ခရိုင်စီမံကိန်းဦးစီးမှူး ဦးဝင်းကိုက စီမံကိန်းလျာထားချက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြသည်။

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းစီမံကိန်း ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများကို ၂၀၂၂ခုနှစ်၊ မတ်လမတိုင်မီ သတ်မှတ်ရာခိုင်နှုန်းများအတိုင်း အရည်အသွေးပြည့်ဝစွာ ပြီးစီးရေး အတွက် ဌာနအလိုက် ကြီးကြပ်ဆောင်ရွက်ပေးရေး၊ မီနီ(၆)လဘတ်ဂျက်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့် ပြန်အပ်မည့်လုပ်ငန်းများနှင့် အချိန်မီမပြီးစီးသဖြင့် နောက်နှစ်ဘတ်ဂျက်သို့ နှစ်လွန်သက်တမ်းတိုး လုပ်ငန်းများရှိပါက စောလျင်စွာ တင်ပြရေး၊ ဌာနအလိုက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စီမံကိန်းများ ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော် အခြေပြ ဇယားများ ရေးဆွဲဆောင်ရွက်ရေးတို့ကို ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)