ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတများအား ဂုဏ်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတများအား ဂုဏ်ပြု





ရေဖြူ၊ ဒီဇင်ဘာ ၆ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်း၌ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ၊ကြက်ခြေနီနှင့်ပရဟိတများအား ဂုဏ်ပြုသည့်အခမ်းအနားကို ရေဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အောင်သာဝတီခန်းမ၌ ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ရေဖြူမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက" ကိုဗစ်-၁၉ တတိယလှိုင်းကျရောက်သည့် ဇွန်လ ၂၉ရက်မှ အောက်တိုဘာ ၄ရက်နေ့အထိ ကိုဗစ်လူနာစင်တာ (Covid-19 Center)များတွင် ပရဟိတအားကောင်းမှုကြောင့် လူနာများကိုတစ်စုတစ်စည်းတည်းထားရှိနိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးပြီး လိုက်နာမှုအားကောင်းသည့်အတွက် ၇၅၅ ဦးသာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၃ ဦးသာရှိခဲ့ကြောင်း၊ မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ ပရဟိတအသင်းအဖွဲ့များ၊ အလှူရှင်များ၏ ကူညီပေးမှုကြောင့် ထားဝယ်ခရိုင်လေးမြို့နယ်တွင် အသက်သေဆုံးမှုအနည်းဆုံးမြို့နယ်ဖြစ်ခဲ့သည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း" အဖွင့်အမှာစကားတွင် ‌‌ပြောကြားခဲ့သည်။ 

ထို့နောက် ရေဖြူမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ချီးမြင့်သော ဂုဏ်ပြုမှတ်တမ်းလွှာနှင့် တစ်ဦးလျှင် ငွေကျပ်(၁၂၀၀၀)နှုန်းဖြင့် (၁၆၉)ဦးအတွက် ဂုဏ်ပြုငွေများကို အခမ်းအနားတွင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။ 


သတင်း - ခတ္တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)