တန့်ယန်း၊ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ''လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့'' ပန်းခင်းစီမံချက်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ထိ အမှတ်(၅)ရပ်ကွက်နှင့် မိုင်းပတ်၊ ကုန်းမုံ၊ ဟိုပတ်ကျေးရွာအုပ်စုများအတွင်းရှိ ဒေသခံတိုင်းရင်းသားများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တန့်ယန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက ''ပန်းခင်း'' စီမံချက်နှင့်အညီ အမှတ်(၅) ရပ်ကွက်၊ မိုင်းပတ်၊ ကုန်းမုံ၊ ဟိုပတ်ကျေးရွာအုပ်စုများအတွင်း ကွင်းဆင်း၍ ဒေသခံ တိုင်းရင်းသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေရာအခက်အခဲမရှိစေရန်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် အိမ်ထောင်စုလူဦးရေစာရင်း(၃၇၀)ခုအား ပြုလုပ်ပေးနိုင်ခဲ့ပြီး နိုင်-၃(က) ပြုလုပ်သူ(၁၈၇)ခုနှင့် နိုင်-၆(က) ပြုလုပ်သူ(၅၆၄)ခု စုစုပေါင်း(၇၅၁)ခုအား ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - မင်းလွင်ဦး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment