ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



 နေပြည်တော်၊ ဒီဇင်ဘာ၂၈

နိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်စပါးဖူလုံရေး၊ ဒေသအတွင်း သီးနှံ ထုတ်လုပ်မှု မြင့်မားရေး နှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားဖွံ့ဖြိုးမှု တိုးတက်လာရေး အတွက် လယ်ယာမြေ များကို တည်ဆဲဥပဒေ နည်းဥပဒေများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည့် ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင်  ကျန်းမာ ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ အဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယ ဥက္ကဋ္ဌဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပ သည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ လယ်ယာမြေနည်းဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေး နိုင်ရန်ကိစ္စ၊ နိုင်ငံတော်၏ စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာ မြေများ အတွက် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးပေးချေရမည့် ကိစ္စ၊ သာသနာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် တင်ပြလာသည့် ကိစ္စရပ်၊ လယ်မြေကို သီးနှံပြောင်းလဲစိုက်ပျိုးခွင့် ပြုပါရန် တင်ပြလာ သော ကိစ္စ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်ရမြေကို လယ်ယာမြေအဖြစ် ပြောင်းလဲခွင့် လျှောက်ထား လာသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်တင်ပြလာသော ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)