PDF အစွန်းရောက် အကြမ်းဖက်သမား (၅) ဦးတို့က စိုက်ပျိုးရေးသုံး အရောင်းဆိုင် အလုပ်သမား(၂)ဦး လာရောက်ပစ်ခတ်ရာ အနီးရှိသူတစ်ဦး စိုးရိမ်းဒဏ်ရာများရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အစွန်းရောက် အကြမ်းဖက်သမား (၅) ဦးတို့က စိုက်ပျိုးရေးသုံး အရောင်းဆိုင် အလုပ်သမား(၂)ဦး လာရောက်ပစ်ခတ်ရာ အနီးရှိသူတစ်ဦး စိုးရိမ်းဒဏ်ရာများရရှိ





နမ့်ခမ်း၊ ဒီဇင်ဘာ  ၂၈

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ အမှတ်(၁၄)ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ နမ့်ခမ်း-မိုင်ဝီးကားလမ်းနှင့် စဝ်ကောလိလမ်းဒေါင့်ရှိ စိုက်ပျိုးရေးသုံး(ပုဂ္ဂလိက)အရောင်းဆိုင်၌ ယမန်နေ့ ညနေပိုင်း(၂) အချိန်ခန့် NLD , CRPH , NUG ,PDF သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်အဖွဲ့မှ အမည်မသိ လူ(၅)ဦးတို့က ဆိုင်အလုပ်သမား (၂) ဦးအား လာရောက် ပစ်ခတ် သွားကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ယမန်နေ့ ညနေပိုင်း(၁၅: ၄၅)အချိန်ခန့်တွင် နမ့်ခမ်းမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်နေသူ ဦးစိုင်းနွမ်း၏ နမ့်ခမ်း-မိုင်ဝီးကားလမ်းနှင့် စဝ်ကောလိလမ်းဒေါင့်ရှိ  ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးသုံး အရောင်းဆိုင်သို့ MDY/4341၊ Mark II ရွှေငါးခဲရောင် ကားဖြင့် နှာခေါင်းစည်း Mask ဝတ်ဆင်ထားသော NLD , CRPH , NUG ,PDF သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်အဖွဲ့မှ အမည်မသိလူ (၅) ဦး တို့က လက်နက်ကိုယ်စီဖြင့် ဆိုင်အတွင်းသို့ ဝင်ရောက်ပြီး ဆိုင်အလုပ်သမား(၂)ဦးကို  ပစ်ခတ်ပြီး မောင်းနှင် ထွက်ပြေးသွား ကြောင်းသိရသည်။

  NLD , CRPH , NUG ,PDF သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်အဖွဲ့မှ အမည်မသိ လူ(၅)ဦးတို့၏ ပစ်ခတ်မှုကြောင်း ဆိုင်လုပ်သားဖြစ်သူ စိုင်းကွမ်း၊ အသက်(၁၉) နှစ် ယာဘက်လက်မောင်းရင်း(၂)လက်မခန့် ကျည်ဖောက်ထွက် ဒဏ်ရာ(၁)ချက်၊ ဝဲဘက်နားစောင်းမှ ကျည်ဖောက်ဝင်ပြီး ယာဘက်ရှေ့နံရိုးကြား ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲနားအောက်ဘက်မှ ကျည်ဖောက်ဝန်ပြီး ဦးခေါင်းနောက်ဘက် ကျည်ဖောက်ထွက် ဒဏ်ရာ(၁) ချက်ဖြင့် သေဆုံးပြီး၊ စိုင်းစွာမ် အသက်(၁၄)နှစ် ယာဘက်ဦးခေါင်းထိပ်(၂)လက်မခန့်  ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ဝဲဘက်လည်ပင်းမှ ကျည်ဖောက်ဝင်ပြီး ယာဘက်နားအောက်မှ ကျည်ဖောက် ထွက်ဒဏ်ရာ(၁)ချက် စိုးရိမ်ရဒဏ်ရာမျာဖြင့် နမ့်ခမ်းပြည်သူ့ဆေးရုံတွင် သယ်ယူပို့ဆာင်လျက် အတွင်းလူနာအဖြစ် ကုသပေးလျက်ရှိသည်။

 အဆိုပါ ပစ်ခတ်ဖြစ်ပွားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရေးအတွက် မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင် းအဆိုပါရဲစခန်းက တာဝန်ရှိသူထံက ဆိုသည်။

အဆိုပါ  NLD , CRPH , NUG ,PDF သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများသည် နမ့်ခမ်းမြို့မဈေးအတွင်း ဈေးရောင်းချနေသည့် ဈေးသည်များကို ဆက်ကြေးကောက်ခံခြင်းများကြောင့် ဈေးဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဈေးသည်များသည် ကိုဗစ်-၁၉ကာလအတွင်း ဈေးရောင်းမကောင်းခြင်းများကြောင့် ဆက်ကြေးမပေးဆောင်နိုင်သဖြင့် ဈေးသည်များညှိနှိင်းကာ ဈေးဆိုင်များကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၅ရက် ပိတ်သိမ်းကာ ဆန္ဒ ဖော်ထုတ်ခြင်းကိုလည်းဆောင်ရွက်ခဲ့ကြသည်။

NLD , CRPH , NUG ,PDF သာသနာဖျက် ပြည်ဖျက်မိစ္ဆာ အစွန်းရောက် လက်နက်ကိုင် အကြမ်းဖက်သမားများသည် သူတို့နှင့် အဆင်မပြေသူများကို ယခုလိုအုပ်စုဖွဲ့ကာ သေနတ်ဖြင့်ပစ်သတ်ခြင်း၊ ဗုံးခွဲ ခြင်းစသည်များဆောင်ရွက်လျက်ရှိရာဒေသခံပြည်သူများအနေဖြင့်တည်ငြိမ်အေးချမ်းမှုကိုသာ လိုလားကြကြောင်းလည်းဒေသခံအပြစ်မဲ့ ပြည်သူများထံမှ သိရှိရသည်။

သတင်း -  ချယ်ရီမြေ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)