နောင်တရား၊ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ နောင်ပီကျေးရွာအုပ်စု၊ ပေါ့ယားကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စုရှိ စုရပ်တို့၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား စတုတ္ထသုတ်ပထမအကြိမ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအုပ်စုများ အတွင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို စတုတ္ထသုတ်၊ ပထမအကြိမ်အဖြစ် ယမန်နေ့က နောင်တရားမြို့ ပရိယတ္တိစာသင်တိုက်၊ နောင်ပီကျေးရွာ အုပ်စု၊ ပေါ့ယားကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စုရှိစုရပ်တို့တွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူ(၄၅၀)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကျေးရွာအုပ်စုအတွင်းရှိ စုရပ်များ၌ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
သတင်း - ခွန်အောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment