တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၁) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၁) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်











ထားဝယ်၊ ဒီဇင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၁) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကိုယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် က ထားဝယ်မြို့၊တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်း,အဝေးခန်းမ၌ကျင်းပသည်။ 

အစည်းအဝေးတွင်တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို က လယ်ယာမြေများတွင် အမှန်တကယ်လုပ်ကိုင်စားသောက်နေသူများကိုမြေယာရရှိအောင်၊ စိုက်ပျိုးထား သည်ကို အကာအကွယ်ရရှိအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ လယ်ယာမြေ များတွင် လက်လွှတ်ဆုံးရှုံးရသောသူများ၊ လျော်ကြေးမရသောသူများကိုစီမံကိန်းတစ်ရပ်အနေဖြင့် အဓိကထားပြီး ပိုင် ဆိုင်မှုအထောက်အထားများဖြင့် ပုံစံ(၇)ရရှိအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ် ကြောင်း၊သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နေသူများကို ပုံစံ(၇)ရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းကိစ္စရပ်များတွင် အစိုးရအဖွဲ့တစ်ခုတည်းဆောင်ရွက်၍မရ သောကြောင့်တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေနွေးပေးစေလိုကြောင်းပြောကြားသည်။

ထိုနောက်တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊အတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးဆန်းလင်းဦးက လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းဆွေးနွေးတင်ပြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး ခဲ့ကြပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို  က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)