လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ





လှိုင်းဘွဲ၊ ဒီဇင်ဘာ   ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ  ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ စတုတ္ထအသုတ်(ဒုတိယအကြိမ်)နှင့် ပဉ္စမအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနေသော ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေး ခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ထိုးနှံနိုင်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

စတုတ္ထအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် လူဦးရေ (၇၃၅)ဦး၊ပိုက်ကျုံတိုက်နယ်ဆေးရုံတွင် လူဦးရေ( ၆၇၄)ဦး၊ ရွှေဂွန်းတိုက်နယ်ဆေးရုံတွင် လူဦးရေ(၁၈၅)ဦး စုစုပေါင်းလူဦးရေ (၁၅၉၄)ဦးနှင့် ပဉ္စမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လှိုင်းဘွဲမြို့ အောင်ဆန်း ခန်းမတွင် လူဦးရေ(၂၄၀)ဦး၊ပိုက်ကျုံတိုက်နယ်ဆေးရုံတွင် လူဦးရေ(၃၀၀)ဦး၊ မြိုင်ကြီးငူ တိုက်နယ်ဆေးရုံတွင် လူဦးရေ(၁၆) ဦး စုစုပေါင်းလူဦးရေ( ၅၅၆) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သတင်း - စောဒိ

 https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)