နေပြည်တော်၊ ဒီဇင်ဘာ ၃၀
NLD အကြမ်းဖက်ပါတီ၏ လက်အောက်ခံ CDF အကြမ်းဖက်သမားများက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာနေ တပ်မတော်သားမိသားစုဝင်များအား ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် အကြောင်းမဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာသို့ NLD အကြမ်းဖက်ပါတီ၏ လက်အောက်ခံ CDF အကြမ်းဖက်သမားများက ညနေ ၅ နာရီခန့်တွင် မော်တော်ဆိုင်ကယ် ၅ စီး ဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ တပ်မတော်သား မိသားစုဝင်များဖြစ်သည့် ၂ နှစ်နှင့် ၁ လသားအရွယ်ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၄ ဦးအား အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိသားစုဝင်များအား အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်စစ်ဆေးမှုများနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment