(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ



နေပြည်တော်၊ ဒီဇင်ဘာ ၂၇

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ နေပြည်တော်ရှိ လီဆူတိုင်းရင်းသားများကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ဧည့်သည်တော်များ က ဝန်ကြီးဌာနမြေညီထပ်၌ ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံရှိ အဓိကလူမျိုးကြီး (၈) စုနှင့် သက်ဆိုင်သည့်ပြကွက်များ၊ တိုင်းရင်းသားမျိုးနွယ်စု (၅၀)နှင့် သက်ဆိုင်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု များ၊ ရိုးရာတူရိယာများနှင့် အသုံးအဆောင် ပစ္စည်းပြခန်းများကို ကြည့်ရှုကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အရေးကြီးကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ပြည်သူများ လည်း စားဝတ်နေရေးပြေလည်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြ ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်ရေးအတွက် ခေါင်းဆောင်မှု၊ မူဝါဒနှင့် အကောင်အထည် ဖော်ဆောင်ရွက်မှုတို့ အဓိကကျကြောင်း၊ ထို့အတူ မေတ္တာတရား ထားရှိခြင်းသည်လည်း အရေးကြီး ကြောင်း။

နိုင်ငံ၏ရာဇဝင်သမိုင်းကြောင်းကိုသိမှ နိုင်ငံကိုထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ မပပျောက် စေရေးအတွက် ထိန်းသိမ်း စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၊ ပြည်သူများအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိစေရေး ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ စုပေါင်းဆောင်ရွက်မှုရှိပါက အရာရာအောင်မြင်နိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်ဝင်းခိုင်၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း နှင့် လီဆူတိုင်းရင်းသားများ၏ ကိုယ်စားလှယ် ဦးဇယ်ဒေါင် (ခ) လာအားဆာ တို့က တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)