ကျောက်ပန်းတောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လေသေနတ်(၁)လက် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လေသေနတ်(၁)လက် ဖမ်းဆီးရမိ


နေပြည်တော်။ ဒီဇင်ဘာ ၂၅

ဒီဇင်ဘာလ ၂၃ ရက်နေ့ (၁၃ ၃၀)အချိန် ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ သက်သေများနှင့်အတူ ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်၊ နယ်မြေ(၈)နေ မြင့်စန်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မခင်သန္တာ ၊ ဟံမင်းထွန်း(ခ)တီးလုံး တို့အား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၀၄ သိန်း)၊ လေသေနတ်(၁)လက်၊ မြန်မာငွေ ၂၀၂၅၀ ကျပ် နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၂၄ ရက်နေ့ ၀၁၃၀ အချိန် ကျောက်ပန်းတောင်းမြို့၊ မြို့မကွက်သစ်ရပ်ကွက်နေ ဒေါ်ညွှန့်ညွှန့် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် တွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်း ရပ်ထားသော TOYOTA WISH အမျိုးအစား မော်တော်ယာဉ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၆ သိန်း)၊ မြန်မာငွေကျပ် ၉.၈၉ သိန်း နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် မြင့်စန်း(၅၆)နှစ်၊ မခင်သန္တာ(၃၉)နှစ်၊ ဟံမင်းထွန်း(ခ)တီးလုံး(၄၃)နှစ် နှင့် ဒေါ်ညွှန့်ညွှန့်(၄၇)နှစ်တို့အား ကျောက်ပန်းတောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)