မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်


မင်္ဂလာဒုံ၊ ဒီဇင်ဘာ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်၊ ဒု-လဝကမှူး ဒေါ်မြတ်မြတ်သွယ်နှင့် ဒုလဝကမှူး ဒေါ်အေးအေးစိုး ဦးဆောင်သည့် ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်နှင့် ဧကရာဇ်ရပ်ကွက် တို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်များကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်သူအောင်၊ ဒု-လဝကမှူး ဒေါ်မြတ်မြတ်သွယ်နှင့် ဒေါ်အေးအေးစိုး ဦးဆောင်သည့် ဝန်ထမ်းများက မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်တွင် နေထိုင်လျက်ရှိသည့် ရပ်ကွက်နေ ပြည်သူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ(၁၈၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ (၄၆)ဦး၊ အသက်(၁၀)နှစ်ပြည့်မှ အသက်(၁၂)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်သူ(၂)ဦး၊ စုစုပေါင်း(၂၃၀)ဦးကို လည်းကောင်း၊ ဧကရာဇ်ရပ်ကွက်တွင် နေထိုင်လျက်ရှိသည့် ရပ်ကွက်နေ ပြည်သူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ်ပြား ကိုင်ဆောင်သူ(၉)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား ကတ်ပြားကိုင်ဆောင်သူ (၁၇)ဦး၊ အသက်(၁၀)နှစ်ပြည့်မှ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားကတ်ပြား လဲလှယ်သူ(၃)ဦး စုစုပေါင်း(၂၉)ဦးတို့ကို လည်းကောင်း အသီးသီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့်  အိမ်ထောင်စုလူဦးရေစာရင်းကို  ရပ်ကွက်/ကျေးရွာ များအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားဇာတိမြေ အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွှေ့ပြောင်း နေထိုင်သူများ အနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

သတင်း - သန္တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)