နတ်မောက်၊ ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စိတ်ဓါတ်ဖြူစင်ဂရုဏာရှင်လူမှုကူညီရေးအသင်းနှင့် မေတ္တာမီးအိမ် ပရဟိတအသင်းတို့ပူးပေါင်းပြီး ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ လှူဒါန်းကူညီသည့် ဆန်၊ ဆီတို့ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က နတ်မောက်မြို့နယ်၊ အိုင်ဇောက် ကျေးရွာအုပ်စု၊ ကြူချောင်းကျေးရွာရှိ အိမ်ထောင်စု(၂၅)စုအား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အခြေခံလူတန်းစားအိမ်ထောင်စု(၂၅)စုအား တစ်အိမ်ထောင်လျှင် ဆန် (၃)ပြည်၊ ဆီ(၁)ပိဿာနှုန်းဖြင့် နတ်မောက်မြို့နယ် နတ်မောက် ကွန်ရက်ပရဟိတ လူမှုအကျိုးပြု အသင်းနှင့် မေတ္တာမီးအိမ်ပရဟိတအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
သတင်း - သင်းသင်းမြတ်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment