စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၆၇၉၅)ဦး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၆၇၉၅)ဦး ထိုးနှံပေးလျက်ရှိ





စဉ့်ကိုင်၊ ဒီဇင်ဘာ   ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက်  ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ်(ဒုတိယ)အကြိမ်  ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ (၆၇၉၅) ဦး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ  ထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌  ဒုမြို့နယ်ပြည်သူ့   ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) ပလိပ်တိုက်နယ် ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင်(ရောဂါ နှိမ်နှင်းရေး) ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍  ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်အထွေထွေ  အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ   ပူးပေါင်း၍ ပဉ္စမအသုတ် ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ်  ကုသရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်  Omicron အပါအဝင်  ကိုဗစ်-၁၉   မျိုးရိုးဗီဇပြောင်း  ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ်  တားဆီးနိုင်စေရန်နှင့်   ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ  ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး  ပြည်သူများသိရှိလိုက်နာစေရန်၊အသံချဲ့စက်များ၊  HandSpaker များဖြင့် လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း  ပိုးသတ်ဆေးများဖြန်းပေးခြင်း၊  ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု  ရှိ/မရှိ  စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိပြီး   ကျန်ရှိသူများ ကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။

သတင်း - ညိုညိုဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)