ပေါက်တောမြို့၌ (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ






ပေါက်တော၊ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေါက်တောမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ ဖတ်ကြားသည်။အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်  ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေမှူးများ တက်ရောက်ခဲ့ကြသည်။ ထို့နောက်(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)