ကျိုင်းတုံမြို့နယ်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

 



ကျိုင်းတုံ၊ ဒီဇင်ဘာ   ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပေးအပ်ပွဲတွင် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ထွန်းက ထောက်ပံ့ငွေ များကို အကျိုးခံစားခွင့်ရှိသူ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စနစ်တကျ ဆောင်ရွက်ပေးစေလိုကြောင်း  ပြောကြား သည်။

ထို့နောက် ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား လူမှုရေးပင်စင်၊ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်ဖြစ်သည့် အောက်ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက်   တစ်ဦး လျှင်  ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ဘိုးဘွား ၈၀၃ ဦးအတွက် စုစုပေါင်းငွေကျပ် ၂၄၀၉၀၀၀၀ ကို ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးက  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေမှူးများထံ ပေးအပ်ခဲ့ပြီး  အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်၊ ကျေးရွာစု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)