မိုးနဲမြို့၌ မျိုးစေ့လုပ်ငန်း (RS-CS) စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေဩဇာ ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့၌ မျိုးစေ့လုပ်ငန်း (RS-CS) စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေဩဇာ ပေးအပ်ပွဲကျင်းပ

မိုးနဲ၊ ဒီဇင်ဘာ   ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးရုံး၌ ပဲပုပ်မျိုးစေ့ထုတ်နှင့် စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ရေဆင်း-၁၅ ပဲပုပ်မျိုးစေ့နှင့် သွင်းအားစုများထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးက မျိုးစေ့များကို လယ်စပါး သီးနှံအပြီး သီးထပ်စိုက်ပျိုးနိုင်ရန်၊ မျိုးကောင်းမျိုးသန့်များ ပွားများသုံးစွဲလာနိုင်ရန်၊ ထွက်နှုန်း တိုးတက်ရေးနှင့် မြေဩဇာများစနစ်တကျ သုံးစွဲလာစေရန် စသည့်တောင်သူ နည်းပညာပေးရှင်းလင်း‌ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စံပြကွက်စိုက်ပျိုးမည့် တောင်သူ ၃၅ ဦးအား ရေဆင်း-၁၅ ပဲပုပ် ၁၀ ကီလိုပါ အထုတ် ၃၅ ထုတ်နှင့် ဓာတ်မြေဩဇာများကိုလည်းကောင်း၊ တောင်သူနည်းပညာပေး လက်ကမ်းစာစောင်းများကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - မျိုးညွန့်ရွှေ 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)