အနုပညာရှင်အသင်းအဖွဲ့များအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အနုပညာရှင်အသင်းအဖွဲ့များအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်း


ရန်ကုန်၊ ဒီဇင်ဘာ ၁၈

အနုပညာရှင်အသင်းအဖွဲ့များအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာ စကားပြောကြားရာ၌ ယနေ့ ကျင်းပပြုလုပ်သည့် အနုပညာရှင် အသင်းအဖွဲ့များအတွက် အခြေခံ စားသောက်ကုန်များ ပေးအပ် လှူဒါန်းခြင်းမှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့် မိသားစုတို့က လှူဒါန်း မှုအပေါ် စီစဉ်ဆောင်ရွက်ပေး ခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်မှုများတွင် မြန်မာနိုင်ငံမှ အနုပညာ လုပ်ငန်းများလည်း ပါဝင်ပြီး အနုပညာရှင်များအနေဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လျက် ရှိပါကြောင်း။

ထိုကဲ့သို့ အနုပညာရှင်များ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့မှုအပေါ် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြီးခဲ့ သည့် နိုဝင်ဘာလအတွင်းက ပေးအပ်လှူဒါန်းမှုဖြင့် စီစဉ်ဆောင် ရွက်ပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ အခြေခံ စားသောက်ကုန်များ၊ အဆက်မပြတ် ပေးအပ်လှူဒါန်း ပေးရန်မှာ ရေရှည်တွင် ကန့်သတ် ချက်များရှိနိုင်သဖြင့် အနုပညာရှင် များသည် မိမိတို့၏ အသက်မွေး ဝမ်းကြောင်း လုပ်ငန်းများကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့်ပြန်လည်ဆောင်ရွက်ကြစေလို ပါကြောင်း၊ မိမိတို့တတ်ကျွမ်းသည့် အနုပညာဖြင့် မွန်းကျပ် နေသော ပြည်သူများ အပန်းပြေစေ ရေး အလုပ်အကျွေးပြုရန် လိုအပ်ပါကြောင်း၊ အနုပညာရှင်များ အနေဖြင့် ကျန်းမာရွှင်လန်းစွာ၊ စိတ်အေးချမ်းသာစွာဖြင့် သက်ဆိုင်ရာ အနုပညာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး နှင့်ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန် ရှိသူများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့် မိသားစုက မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ တာဝန်ရှိသူများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးဌေးအောင်က ရုပ်ရှင်အသင်းအဖွဲ့များမှ တာဝန် ရှိသူများအား လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန (ကိုယ်စား) ၎င်းဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာ အေးက မြန်မာနိုင်ငံ လူရွှင်တော် အသင်းမှ တာဝန်ရှိသူများအား လည်းကောင်း အခြေခံစားသောက် ကုန်များ ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် အနုပညာရှင် အသင်းအဖွဲ့များကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာ ဦးကြည်စိုးထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့ လှူဒါန်းပွဲတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနက ဆီတစ်လီတာ ဘူး ၃၀၁၀ နှင့် ပဲပိဿာ ၃၀၁၀၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့် မိသားစုက ဆန် ၁၂ ပြည်အိတ် ၃၀၁၀ နှင့် ဆားပိဿာ ၃၀၁၀ လှူဒါန်းမှုတို့ အပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အသင်းဝင် ၁၆၉၀၊ မြန်မာ နိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ အသင်းဝင် ၁၁၁၀ နှင့် မြန်မာနိုင်ငံ လူရွှင်တော်အသင်းဝင် ၂၁၀ စုစုပေါင်းအနုပညာရှင် ၃၀၁၀ အတွက် တစ်ဦးလျှင်ဆန်၁၂ ပြည်၊ ဟင်းရွက်ဆီ တစ်လီတာ၊ ပဲနှင့် ဆား တစ်ပိဿာနှုန်းစီဖြင့် ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက စည်သူဗိုလ်ကလေးတင့်အောင်၏ ဈာပနသို့ သွားရောက် ပို့ဆောင်ပြီး ကျန်ရစ်သူမိသားစုအား နာရေး ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)