မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(ပခုက္ကူ)၌ ရေချိုပိုက် လိုင်းသွယ်တန်းခြင်းလုပ်ငန်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲတက်ရောက်ပြီး တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(ပခုက္ကူ)၌ ရေချိုပိုက် လိုင်းသွယ်တန်းခြင်းလုပ်ငန်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲတက်ရောက်ပြီး တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး




ပခုက္ကူ၊ ဒီဇင်ဘာ   ၁၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူ ခရိုင် ဦးစီးမှူး ဦးထိန်လင်းသိန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် ဝန်ထမ်း များနှင့်အတူ ဒီဇင်ဘာလ ၁၈ရက် မွန်းလွဲပိုင်းက နည်းပညာတက္ကသိုလ်(ပခုက္ကူ)၌ ရေချိုပိုက် လိုင်းသွယ် တန်းခြင်းလုပ်ငန်းအိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး ကျောင်းဝန်းအတွင်း တည် ဆောက်ရေး လုပ်ငန်း များလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မွန်းလွဲ ၃နာရီအချိန်က နည်းပညာ တက္ကသိုလ်(ပခုက္ကူ)၌ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်၊ (Mini Budget) ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျောက်လှေး ခါးကျေးရွာမှ ရေချိုပိုက်လိုင်းသွယ် တန်းခြင်းလုပ်ငန်းအိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားတက်ရောက်ပြီး လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကုမ္ပဏီ၊ မိမိ အကျိုးအမြတ်ရရှိရေးထက် ကျောင်းအတွက်အမှန်တကယ်အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက် မည့် ကုမ္ပဏီများကိုသာ စိစစ်ရွေးချယ်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ပခုက္ကူ)ကျောင်းဝန်းအတွင်းရှိ မိုးလုံ လေလုံ အားကစားရုံ ခန်းမတည်ဆောက်ခြင်း၊ ဖူဆယ်ဘောလုံးကွင်းတည်ဆောက်ခြင်း၊ (၁၆၀)ဆံ့ ကျောင်းသား၊ကျောင်းသူအိပ်ဆောင်(RC) နှစ်ထပ် အဆောက်အအုံတည်ဆောက်ခြင်းနှင့် လေးခန်းတွဲလေးထပ်အရာရှိဝန်ထမ်းအိမ်ရာအဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ နည်းပညာတက္ကသိုလ်(ပခုက္ကူ) တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ မြင့်မြင့်ခိုင် နှင့်တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီမှတာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက် ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းအသေးစိတ်အချက်လက်များ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းအမြန် တည်ဆောက်ပြီးစီးရေး နှင့် လုပ်ငန်း စံချိန်စံညွှန်း အရည်အသွေးများနှင့်ကိုက်ညီအောင် အကောင်အထည်ဖော် ဆောင်ရွက် ရေး လမ်းညွန်မှာကြားပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သတင်း - ဆလိုင်းကိုကီး                                                                        

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)