စားသုံးဆီ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

စားသုံးဆီ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်မည်

 


ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စားသုံးဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးနှင့် ပြည်ပမှ စားသုံးဆီများ တရားဝင် ဝင်ရောက်မှုရှိစေ ရေးတို့အတွက် နိုင်ငံတော်အနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်၌ ဒီဇင်ဘာ ၁၇ ရက်က ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း (၂၉)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် Virtual System ဖြင့် ပြောကြားသည်။

“စားသုံးဆီ သုံးစွဲမှုဟာ တစ်နှစ်လျှင် ပျမ်းမျှ တန်ချိန် ၁၇ သိန်းခန့်ရှိပြီး ပြည်တွင်းမှာ လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိသေးတဲ့အတွက် နှစ်စဉ် ပြည်ပမှ တင်သွင်းခဲ့ရပါတယ်။ နိုင်ငံတော်အနေနဲ့ ကျန်းမာရေးနဲ့အညီဆီစားသုံးမှုလျော့ကျလာစေရေး၊ ဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ ဈေးကွက်များအလွယ်တကူရရှိစေရေးအတွက် ရည်မှန်းဆောင်ရွက် လျက်ရှိပြီး နိုင်ငံခြားသုံးငွေသုံးစွဲ မှုလျော့ကျစေရေးအတွက်စားသုံးဆီတင်သွင်းရေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကစတင်ပြီး အခြေခံမူတွေ ချမှတ်ပြီး တင်သွင်းထုတ်လုပ်လျက် ရှိပါ တယ်။ အဲဒီလို တင်သွင်းခွင့်သတ်မှတ်လိုက်တဲ့ အတွက်ကြောင့် စားသုံးဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး၊ ပြည်ပမှတရားဝင် ဝင်ရောက်မှုရှိစေရေး တို့ကို နိုင်ငံတော်အနေနဲ့ ကြပ်မတ်ဆောင်ရွက်သွား မှာ ဖြစ်ပါတယ် “ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် အများပြည်သူများထံ စားသုံးဆီ များကိုသက်သာချောင်ချိသော ဈေးဖြင့် ရောင်းချပေး လျက်ရှိပြီး ရန်ကုန်မြို့ရှိ စားသုံးဆီ လက်လီ/ လက် ကား ကုန်သည်များအား ၁၄ ကြိမ်၊ တန်ချိန်အား ဖြင့် ၁၈၇၁၇ ဒသမ ၄၀ တန်၊ နေပြည်တော် အပါ အဝင် တိုင်းဒေသကြီး/ပြည်နယ် အသင်း ၁၆ သင်းသို့ တန်ချိန် ၄၃၀၇ ဒသမ ၄၄ တန်အား ၁၁ ကြိမ် နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးကားများ ဖြင့် လှည့်လည်ရောင်းချခြင်းတွင် တန်ချိန် ၂၁၇၉ ဒသမ ၁၉ တန် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အများပြည်သူထံသက်သာချောင်ချိသော ဈေးဖြင့် စားသုံးဆီများ ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက် ရည်ညွှန်းငွေလဲနှုန်းဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ ရောင်းချပေး ခဲ့ရာ လက်ရှိအချိန်အထိ ဝယ်ယူခွင့် ခြောက်ကြိမ်ရရှိ ထားကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောကြားသည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာ ဝယ်ယူရရှိမှု ၃၁ သန်းအထိရှိထားပြီး အဆိုပါငွေနှင့် ညီမျှသည့် ဆီများကို နိုဝင်ဘာလတွင် ဆီလက်လီ/လက်ကား လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ် အသင်းများ၊ ဈေးကားများအတွက် ဆက်လက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။


အာကာစိုး၊ ဓာတ်ပုံ - တင်စိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)