ခရမ်းမြို့နယ် မောင်းမကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ် မောင်းမကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

 



ခရမ်း၊ ဒီဇင်ဘာ   ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင် ကြသော နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်း ရရှိရေးအတွက် မေလ ပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့နံနက် (၈) နာရီ အချိန်ကစတင်၍ ခရမ်းမြို့နယ်၊ မောင်းမကျေးရွာတွင် ခရမ်းမြို့နယ်မြို့နယ် ဦးစီးမှူးဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအား ဆောင်ရွက် ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

မောင်းမကျေးရွာတွင် ကျေးရွာနေပြည်သူများနှင့် အ.ထ.က(မောင်းမ) အထက်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ( ၁၄၂)ဦး တို့ကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်၍ ခရမ်းမြို့၊ မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်း၊ အထက (မောင်းမ) ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့က နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုမင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)