အုတ်ဖိုမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ ထက်/လယ်အဆင့် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်ဖိုမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ ထက်/လယ်အဆင့် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ


အုတ်ဖို၊ ဒီဇင်ဘာ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော အခြေခံပညာကျောင်းပေါင်းစုံ ထက်/လယ် အဆင့် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲကို မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်နှင့် ပညာရေးဝန်ထမ်းဆရာ ဆရာမများက  ဒိုင်များအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး အားကစားနည်း (၁၁) မျိုးဖြင့် ကျောင်းပေါင်းစုံ ထက်/လယ်အဆင့် ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။

ဆုချီးမြှင့်ပွဲတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းလွင် ၊ မြို့နယ်အားကစားမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများက ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယ ဆုများရရှိသော ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်သူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)