မူဆယ်၊ ဒီဇင်ဘာ ၆
တရုတ်နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မူဆယ်နယ်စပ် နန်းတော်ဂိတ်မှ ပြန်လည်လက်ခံပေးလျက်ရှိရာ ဒီဇင်ဘာလ ၆ရက်နေ့ နံနက်၈နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နန်းတော်ဂိတ်သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၁၁၆ ဦး၊ အမျိုးသမီး၁၄၀ ဦး၊စုစုပေါင်း ၂၅၆ဦးကို ပြန်လည်လက်ခံခဲ့ပါသည်။
မူဆယ်နယ်စပ်နန်းတော်ဂိတ်မှနေရပ်ပြန်များစတင်လက်ခဲ့သည့်(၂၆.၇.၂၀၂၁)မှယနေ့ (၂၉.၁၁.၂၀၂၁) အထိအမျိုးသား ၈၉၁၁ ဦး၊အမျိုးသမီး ၇၈၆၂ ဦး၊နေရပ်ပြန်သူစုစုပေါင်း ၁၆၇၇၃ဦးအား ကောင်းမွန်စွာလက်ခံလျက်၊ နေရပ်ပြန်နိုင်ငံသားများကို လိုအပ်သည်များကို တာဝန်ရှိသူများနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများက မော်တော်ယာဉ်များ တိုက်ရိုက်စီစဉ်ပေးလျက်ရှိပြီး လူမှုရေးအသင်းအဖွဲ့များကကူညီဆောင်ရွက်ပေးလျှက်ရှိရာ မိမိဒေသအသီးသီးသို့ ရောက်ရှိနိုင်ရေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - အယ်လ်စိုး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment