နောင်ချိုမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့ ၊ မေးခိုင်ရောဂါကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့ ၊ မေးခိုင်ရောဂါကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ


နောင်ချို၊ ဒီဇင်ဘာ   ၆  

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင် မိခင်များအား ဆုံဆို့၊ မေးခိုင်ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ခင်စန်းဦး ဦးဆောင်သော ကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်(၃) လမှစတင် ထိုးနှံပေးပြီး တစ်လခြား၍ (၂)ကြိမ် ထိုးနှံပေးလျက်ရှိကြောင်း ၊ ကိုယ်ဝန်စတင်ရှိချိန်မှစ၍ ကျန်းမာရေးဌာနသို့ လာရောက် အပ်နှံစေကြောင်း၊ ကိုယ်ဝန်ဆောင်များအား အရပ်တိုင်းခြင်း ၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ ကာလသားရောဂါ၊ HIVရောဂါ ရှိ/မရှိသွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အသားဓာတ်၊ အချိုဓာတ်များ/မများ၊ ငှက်ဖျားရောဂါ ရှိ/မရှိစစ်ဆေးခြင်း ၊သွေးအားနည်းရောဂါရှိ/မရှိစစ်ဆေးခြင်း၊ ကလေးအနေအထားမှန်/မမှန် စမ်းသပ်ခြင်းများကို ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ရုံးဖွင့်ရက်တိုင်း ကိုယ်ဝန်ဆောင်များအား ကြည့်ရှုပေးလျက်ရှိကြောင်း၊ နောင်ချိုမြို့နယ်အနေဖြင့် တစ်နှစ်ပတ်လုံး ကိုယ်ဝန်ဆောင်ခန့်မှန်ဦးရေ (၄၀၂)ဦးခန့်ကို ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။

သတင်း - ထွေးငယ်၊(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)