မတ္တရာမြို့နယ်၌ ပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မတ္တရာမြို့နယ်၌ ပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မတ္တရာ၊ ဒီဇင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဒီဇင်ဘာလ ၆ရက်နေ့က မြို့နယ်အားကစားရုံ၊ မြို့အဝင် စစ်ဆေးရေးဂိတ်နှင့် ကျေးရွာဆေးထိုးစုရပ်များတွင် ဆက်လက် ထိုးနှံခဲ့ သည်။

ထို့သို့ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

နိုဝင်ဘာလ ၅ရက်နေ့အထိ ( ၆၀၇၅၃ )ဦးအား ပထမအကြိမ်နှင့် (၄၂၅၁၃ဦး)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက် ထိုးနှံပေး သွားမည်ဖြစ် ကြောင်းသိရသည်။

သတင်း - စိုးကျော်သူထွေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)