CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော်၊ ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း Cutting၊ Making၊ Pack‌aging (CMP) လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်တီ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်(၉)ခုမှ  CMP လုပ်ငန်းများ  မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊   မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းတို့မှ ကိုယ်စား လှယ်များက Video Concenfrence စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက CMP လုပ်ငန်းများ ကုန်ထုတ်စွမ်းအား အရှိန်အဟုန်မပျက်စေရန်၊ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်စေလိုပါကြောင်း။


 ကျန်းမာရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၁၈ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ လုပ်သား (၆၄၅,၆၂၈) ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပြီးစီးသူ လုပ်သား (၃၄၄,၅၄၅) ဦးရှိပြီဖြစ်ပါကြောင်း။


 CMP လုပ်ငန်းများသည် အခွန်ကင်းလွတ်ခွင့်ရရှိသည့် လုပ်ငန်းဖြစ်၍ လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံသား အလုပ်သမားများအတွက် အပြန်အလှန် အကျိုးရှိစေသဖြင့် CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီများ အနေဖြင့် မိမိလုပ်ငန်းတာဝန်များကို အလေးထား ကြပ်မတ် ဆောင်ရွက်စေလိုကြောင်း UMFCCI၊ MIA၊ MGMA နှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှု သည် CMP လုပ်ငန်းများအတွက် အကောင်းဆုံး မောင်းနှင်အားဖြစ်၍ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ အတွင်းရေးမှူးနှင့် တက်ရောက် လာသူများက ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး က တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)