မန်စီကျေးရွာအတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများအား NLD , PDF အစွန်းရောက် အကြမ်းဖက်သမားများထံမှ သိမ်းဆည်းရမိသော ဆန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်စီကျေးရွာအတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများအား NLD , PDF အစွန်းရောက် အကြမ်းဖက်သမားများထံမှ သိမ်းဆည်းရမိသော ဆန်များ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ  ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မန်စီကျေးရွာအတွင်း KIA အဖွဲ့နှင့် NLD,CRPH,NUG, PDF သာသနာဖျက်၊ ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်သမားများရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် သွားရောက်၍ လိုအပ်သည့် နယ်မြေရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ ၎င်းအကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး NLD,CRPH,NUG,PDF သာသနာဖျက်၊ ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်သမားများက  ပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန် ၂၂ အိတ်အား သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လိုအပ်သည့်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်မှုနှင့် ပါဝင်ပတ်သက်ခြင်းမရှိသော ကျေးရွာသူ၊ ကျေးရွာသားများအား သိမ်းဆည်းရမိသည့် ဆန် ၂၂ အိတ်ကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်းထုတ်ပြန်ချက်အရသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)