ကျိုင်းတုံမြို့သို့ လူဦးရေ ၅၀၀၀၀ ထိုးနှံနိုင်မည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm နှင့် ဆေးထိုးအပ်များ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့သို့ လူဦးရေ ၅၀၀၀၀ ထိုးနှံနိုင်မည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm နှင့် ဆေးထိုးအပ်များ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်

 


ကျိုင်းတုံ၊ ဒီဇင်ဘာ   ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးအလုံးရေ ၁၀၀၀၀  ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်က ရောက်ရှိသည်။

တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၁၀၀၀၀ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။

အဆိုပါ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၁၀၀၀၀ သည် တစ်လုံးလျှင် လူဦးရေ ၅ ဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ ၅၀၀၀၀ ဦးစာအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို

့နယ်များအလိုက် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်အောင် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)