မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသည့် PDF အစွန်းရောက် အကြမ်းဖက် အဖွဲ့ဝင်များအတွက် ဝရမ်းပြေးမ ပန်ဆယ်လို အမေရိကန်နိုင်ငံအတွင်း လှည့်လည်၍ ရန်ပုံငွေ ရှာဖွေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသည့် PDF အစွန်းရောက် အကြမ်းဖက် အဖွဲ့ဝင်များအတွက် ဝရမ်းပြေးမ ပန်ဆယ်လို အမေရိကန်နိုင်ငံအတွင်း လှည့်လည်၍ ရန်ပုံငွေ ရှာဖွေလျက်ရှိ






ဘော်စတွန်၊ ဒီဇင်ဘာ ၇

မဲသမာမှုများကြောင့် NLD ခေါင်းဆောင်များ ထိန်းသိမ်းခံရပြီး နောက်ပိုင်း NLDပါတီမှ လွှတ်တော်အမတ်ဟောင်းများ၊ ၈၈ ပွင့်လင်းမှ နိုင်ငံရေးလုပ်စားသူများ၊ NLD လော်ဘီများက ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ရန် လှုံ့ဆော်ပြီးနောက် အကြမ်းဖက်အားပေး အမေရိကန်နိုင်ငံ၏ အကူအညီဖြင့် အမေရိကန်နိုင်ငံသို့ ထွက်ပြေးတိမ်ရှောင်သွားကြပြီး အမေရိကန်နိုင်ငံအတွင်းမှ ရန်ပုံငွေရှာဖွေကာ မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ သြဇာခံ PDF အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်များထံ ငွေကြေး၊ လက်နက်များ ထောက်ပံ့ပေးပြီး ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်ရန် ခိုင်းစေနေကြခြင်းဖြစ်သည်။


NLD လော်ဘီ ဝရမ်းပြေးမ ပန်ဆယ်လိုက သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် "မန်ဆာချူးဆက်ပြည်နယ် Boston မြို့မှာ ကျင်းပတဲ့ Free Burma Boston နွေဦးတော်လှန်ရေး ရံပုံငွေပွဲပါ။ မြန်မာပြည်အတွက် ရံပုံငွေလက်မှတ်တွေ ဝယ်ယူအားပေးပြီး အမှတ်တရပစ္စည်းတွေကို လေလံဆွဲ ဝယ်ယူအားပေးကြတဲ့ Boston ရောက် မြန်မာလူမျိုးတွေကို အထူးကျေးဇူးတင်ပါတယ်။ သုံးလဆက်တိုက် အပတ်စဉ် ခရီးထွက်ပြီး နယ်လှည့်ရံပုံငွေ ရှာဖွေပေးခဲ့ပါတယ်။" ဟု အကြမ်းဖက်အဖွဲ့များအတွက် ရန်ပုံငွေရှာဖွေပွဲ ကျင်းပနေသည့် ဓာတ်ပုံများနှင့် ဖော်ပြထားသည်။


ပြည်ပသို့ ထွက်ပြေးတိမ်ရှောင်သွားကြသည့် NLD လွှတ်တော်အမတ်ဟောင်းများ၊ ၈၈ ပွင့်လင်းမှ နိုင်ငံရေးလုပ်စားသူများ၊ NLD လော်ဘီများက ငွေကြေး လက်နက် ရှာဖွေပေးပြီး မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ရန် ထောက်ပံ့ပေးနေခြင်းကြောင့် NLD, PDF အစွန်းရောက် အကြမ်းဖက်များက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများကို လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ ယမန်နေ့က မန္တလေးမြို့တွင် အသက် ၅နှစ် အရွယ် မိန်းကလေးတစ်ဦး NLD, PDF အကြမ်းဖက်သမားများ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိမှန်သေဆုံးခဲ့ရပြီး ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို NLD, PDF အကြမ်းဖက်သမားများက သတ်ဖြတ်သွားခဲ့ကြသည်။


NLD, PDF အစွန်းရောက် အကြမ်းဖက် အဖွဲ့ဝင်များ၏ လုပ်ကြံသတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၁၄၀၀ ကျော်အထိ သေဆုံးခဲ့ရသည်။


အမေရိကန် နိုင်ငံအတွင်း ရောက်ရှိနေသော အကြမ်းဖက်လှုံ့ဆော်သူ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လိုတို့အား FBI တွင် အမှုဖွင့် တိုင်ကြားခဲ့သော်လည်း အကြမ်းဖက်နှိမ်နင်းရေးသည် ၎င်းတို့၏ ပထမဦးစားပေး လုပ်ငန်းစဉ်ဟု ပြောဆိုထားသည် FBI က အကြမ်းဖက်လှုံ့ဆော်သူများကို ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် အမေရိကန်ရဲတချို့သည် အကြမ်းဖက်သမားများ၏ ရန်ပုံငွေ ရှာဖွေပွဲများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးနေသည်ကို တွေ့မြင်ခဲ့ရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)