ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ ရဲကင်းစခန်းကို လာရောက်ပစ်ခတ်တိုက်ခိုက်သည့် PDF အကြမ်းသမား ၁ ဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာ ရဲကင်းစခန်းကို လာရောက်ပစ်ခတ်တိုက်ခိုက်သည့် PDF အကြမ်းသမား ၁ ဦးသေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ  ၇ 

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက်ကျေးရွာ ရဲကင်းစခန်း၌ လုံခြုံရေးဆောင်ရွက်နေစဉ် (ဒီဇင်ဘာ ၆ ရက်) ည ၈ နာရီအချိန်ခန့်တွင် NLD,PDF အစွန်းရောက် အကြမ်းဖက်သမားများမှ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် လာရောက်ပစ်ပေါက် တိုက်ခိုက်ခဲ့သဖြင့် ရဲကင်းစခန်းရှိ လုံခြုံရေးတပ်ဖွဲ့မှ ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမား ၁ ဦး သေဆုံးပြီး လိုင်စင်မဲ့ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးရှိ ကံကောင်းရဲကင်းစခန်းကိုလည်း ယနေ့ (ဒီဇင်ဘာ ၇ ရက်) နံနက် ၃ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သမားများမှ လက်လုပ်မိုင်း၊ လက်ပစ်ဗုံးများဖြင့် လာရောက်ပစ်ပေါက် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံး/ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)