မြိတ်၊ ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ဘောလုံး အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် District Sports Development Program အစီအစဉ်ဖြင့် မြိတ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား အသက် (၁၇)နှစ်အောက် ကလပ်ပေါင်းစုံ Small Game (ဂိုးလတ်)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲကို ဒီဇင်ဘာ(၂၅)ရက် ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပရာ ကန်ဖျား FC အသင်းနှင့် အရှေ့သိမ် FC အသင်းတို့ အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြိုင်ပွဲကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ ကြသည်။ ဗိုလ်လုပွဲတွင် ကန်ဖျား FC အသင်းက အရှေ့သိမ် FC အသင်းအား (၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက် ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဒုတိယဆုနှင့် ပထမဆုရရှိ ကြသော အသင်းတို့မှ အားကစားသမားများအား လည်ဆွဲဆုနှင့် ငွေသားဆုများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသော ကန်ဖျား FC အသင်းအား မြိတ်ခရိုင် အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့် ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ(၂၀)ရက်မှ(၂၅)ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲကို ကလပ်အသင်း (၆)သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကစားကြသူများထဲမှ ထူးချွန်ဘောလုံး အားကစားသမားများကို ခရိုင်အဆင့် လက်ရွေးစင် ဘောလုံးအားကစားသမားများအဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ သိရသည်။
သတင်း - ခိုင်ထူး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment