လေးမျက်နှာမြို့နယ်အတွင်းရှိ ထောက်ပံ့ကြေး တစ်ကြိမ်တစ်ခါမှ မရရှိသေးသော မသန်စွမ်းသူ (၂၈၄)ဦးအား ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့နယ်အတွင်းရှိ ထောက်ပံ့ကြေး တစ်ကြိမ်တစ်ခါမှ မရရှိသေးသော မသန်စွမ်းသူ (၂၈၄)ဦးအား ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ



MNP - ဇန်နဝါရီ   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၁)နာရီအချိန်၌ မြို့နယ်အတွင်းရှိ တစ်ကြိမ်တစ်ခါမှ မရရှိသေးသော မသန်စွမ်းသူ (၂၈၄)ဦးအား ထောက်ပံ့ကြေးငွေများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းမှ မြို့နယ်အတွင်းရှိ တစ်ကြိမ်တစ်ခါမှ မရရှိသေးသော မသန်စွမ်းသူ (၂၈၄)ဦးအား နိုင်ငံတော်မှ ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။

ထို့နောက် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များမှ မသန်စွမ်းသူတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် (၂၈၄)ဦးအား ငွေကျပ် (၈၅၂၀၀၀၀)ကျပ်ကို ကျေးရွာ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး များထံသို့ လွဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက် များရှိ မသန်စွမ်းသူများအား ထောက်ပံ့ကြေးငွေများကို လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး မသန်စွမ်းသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ကျော်ဟိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)