တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်


MNP ၊  ဇန်နဝါရီ ၁၀

ထားဝယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော ဆရာဝန်၊ သူနာပြု၊ ကြက်ခြေနီ၊ စေတနာ့ ဝန်ထမ်း Volunteer များနှင့် ပရဟိတများအတွက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ဖြစ်ကြောင်း၊ မြိတ်နှင့်ကော့သောင်းတွင် လည်းဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၅၆၅၉) ဦးရှိပြီး ထားဝယ်ခရိုင်အတွင်း ရောဂါပိုးတွေ့ရှိသူ (၅၁၉၄) ဦးရှိ၍ ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းသူ (၄၈၃၃) ဦး ကုသမှုခံယူသူ (၁၀) ဦးနှင့် သေဆုံးသူ (၃၅၁)ဦးရှိကြောင်း၊ လတ်တလောတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးမျိုးရိုးဗီဇအသစ် အိုမီခရွန်စတင်တွေ့ရှိခဲ့သဖြင့် တိုင်းဒေသကြီးအတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်း Volunteer နှင့် ပရဟိတအဖွဲ့များမှ ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်စေလိုကြောင်း၊ ထားဝယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း များတွင် စိတ်ပါဝင်စားစွာဖြင့် အားတတ်သရော ကိုယ်ရောစိတ်ပါ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော ဆရာဝန်၊ သူနာပြု၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ပရဟိတများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် ဝန်ကြီးများက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်် ငွေကျပ်(၁၂၅) သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥက္ကာက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)